ဒီသင်ခန်းစာ မှာတော့ Mobile Software ပြုပြင်ခြင်းအတွက် ပထမဆုံး လေ့လာရမယ့် PC (သို့) Laptop အတွက် လိုအပ်ချက်လေးတွေကို လေ့လာချင်တဲ့သူတွေအတွက် ရှင်းပြပေးမှာပါ။ မင်္ဂလာပါ ကျွန်တော့် နာမည်က အောင်မြင့်ဦး ဖြစ်ပါတယ်။ iFix Mobile Service & Trainning သင်တန်းကျောင်းမှာ Software ပိုင်းဆိုင်ရာ သင်ကြားပေးသူတစ်ယောက်ပါ။
ဒီသင်ခန်းစာမှာတော့ Laptop/Desktop ဘယ်ဟာကို သုံးသင့်လဲ ဆိုတာကို ရွေးချယ်ကြည့်ပါမယ်။
Desktop - သယ်ဆောင်ရတာမလွယ်ကူ၊ ပုံသေထားသောကြောင့် ပျက်စီးမှုနှုန်းနဲ၊ Mobile Phone Flashing လုပ်နေချိန် ရုတ်တစ်ရပ် မီးပျက်သွားပါက SorftBrike(or)Power မလာ တော့တာမျိုးဖြစ်နိုင်ပါတယ်။ တစ်ကယ်လို့ PC ကို သုံးပါက UPS (သို့) inverter ကိုအသုံးပြုဖို့တော့ အကြံပေးလိုပါတယ်။
Laptop - သယ်ဆောင်ရတာလွယ်ကူ ၊ ရိုသေစွာ မကိုင်တွယ်ပါက ပျက်စီးလွယ်ပါတယ်။မည်သည့်နေရာတွင်မဆို အသုံးပြုနိုင် ဒါကြောင့် Laptop ကိုတော့ ပိုပြီးတော့ Recommend ပေးပါတယ်။
ဖုန်းပြုပြင်ခြင်းဆိုင်ရာအတွက် အသုံးပြုဖို့ဆိုရရင် Laptop/PC ဘာဟာဖြစ်ဖြစ် Dual Core ကနေ စတင်ပြီးတော့ အသုံးပြုနိုင်ပင်မဲ့ ပိုမိုကောင်းမွန်စွာ မြန်မြန်ဆန်ဆန် အသုံးပြုခြင်တယ်ဆိုရင်တော့ i3,i5,i7,i9..... စတာတွေကို အသုံးပြုတာကတော့ ပိုကောင်းပါလိမ့်မယ်။ Generation ကိုလဲ အနည်းဆုံး 4gen ကိုအသုံးပြုပါလို့ တိုက်တွန်းပါတယ်။
ဥပမာ - i3 ဆိုရင် i3-4gen,i3-5gen,i3-7gen စသသည်ဖြင့် သုံးပါ။
RAM
အနည်းဆုံး RAM ကိုတော့ 4GB အနည်းဆုံအသုံးပြုပြီးတော့ DDR3,DDR4 လောက်ကိုတော့ အသုံးပြုစေချင်ပါတယ်။ ဒီထက်မြင့်တာတွေကိုလဲ သုံးလို့ရပါတယ်။
Hard Disk
Hard disk အတွက် အနည်ဆုံး 500GB လောက်သုံးသင့်ပါတယ်။ extranal hard disk 500GB (or) 1TB လောက် ဆောင်ထားသင့်ပါတယ်။ internet connenction မကောင်းတဲ့နေရာတွေမှာတော့ Data သိုလောင်ဖို့ 4TB လောက်တော့ ဆောင်ထားပါ။
Computer က SSD ကိုအထောက်ပံ့ပေးရင်တော့ အနည်းဆုံး 128GB ကိုအသုံးပြုပြီး Window အတွက် အသုံးပြုသင့်ပါတယ် ။
32Bit (or) 64bit
တစ်ကယ်လို့ သင့် Computer က RAM 4G နှင့် 4gen အနည်းဆုံး သုံးထားတယ်ဆိုရင်တော့ 64bit ကို အသုံးပြုပါ။ Ram 4 (သို့) 4gen ထက်နည်းပါက 32bit ကိုသာအသုံးပြုဖို့ တိုက်တွန်းပါတယ်။
64bit system မှာ 32bit software များလဲ Runလို့ရပါတယ်။ ဒါပင်မဲ့ 32bit system မှာတော့ 64bit software များ အသုံးပြုလို့မရနိုင်ပါ။
86bit=32bit
Display
Display ကိုတော့ 15 လက်မဆိုဒ်တော့ အနည်းအသုံးပြုသင့်ပါတယ်။ 13လက်မ Screen ဆိုဒ်ကတော့ software ရေရှည်လုပ်တဲ့အခါမှာတော့ အနည်းငယ် အာရုံစုစိုက်လုပ်ဆောင်ရတာကြောင့် အနည်းဆုံး 15 လက်မ သို့မဟုတ် ဒီထက်ကြီးတာကိုတော့ ပိုပြီးတော့ သုံးစေချင်ပါတယ်။
Window
Mobile Phone Software အတွက် အကောင်းဆုံး၊အဆင်ပြေဆုံး ဆိုရင်တော့ Window 10 Pro 64bit ကအကောင်းဆုံးလို့ညွှန်းဆိုပါရစေ။ ဘာကြောင့်လဲဆိုရင် Security ပိုင်း၊ but error နည်းသောကြောင့် မြန်ဆန်ပြီး Mobile Driver error နည်းပါတာကြောင့် window 10 pro ကို recommed ပေးပါတယ်။ 4genation အောက်တွေကတော့ window 7 ကို အသုံးပြုသင့်ပါတယ်။
Laptop - PC Configuration ကို ဘယ်လိုစစ်ဆေးမလဲ။
Computer ➡ Properties ကို Right Click နှိပ်ပါ။