Computer Solution တစ်ခုပေါ့။ Window Update တင်တဲ့အခါမှာ အခက်မသင့်လို့ ကီးဘုတ် နဲ့ Search Bar မှာ Typing အလုပ်မလုပ်တဲ့ ပြသနာလေး ဖြစ်သွားတာပါ။
ဆိုင်ကို ACER လေးတစ်လုံးရောက်လာတယ် WIFI ERROR တက်လို့တဲ့ ကြည့်လိုက်တော့ WIFI က ကောင်းနေတယ်။
ဘယ်လိုဖြစ်တာလဲ မေးလိုက်တော့ Password ရိုက်မရတာတဲ့ update တင်သေးလာမေးလိုက်တော့ တင်မိတယ်တဲ့။ သေချာပြီ system32 မှာ ctfmon.exe ပျက်တာဆိုတာသိလိုက်ပြီ သေချာအောင် Search Bar မှာ ပါရိုက်ကြည့်တယ်မရဘူး။
Ok ပြင်ကြည့်ရအောင်။
🔜Solution
Window Key+R Run box နှိပ်လိုက်ပါ။
Run Box ကျလာတဲ့အခါ regdit ရိုက်လိုက်ပါ။
ဒါဆိုရင် Registery Editor box ကျလာပါမည်။
အဲ့ထဲကမှ HKEY_LOCAL_MACHINE -> SOFTWARE -> Microsoft -> Windows -> CurrentVersion -> Run ထဲ ၀င်ပါ။
Right Click ထောက်ပြီးတော့ - New -> String Value တည်ဆောက်ပါ။ Name ကို wifi လို့ပေးပါ။
Double Click နှိပ်ပြီး Value data မှာ "ctfmon"="CTFMON.EXE" ဆိုပြီး ရိုက်ထည့်ပါ။
Ok နိပ်ပါ။ ပြီးရင် Computer ကို Restrat ချလိုက်ပါ။ Window ပြန်တက်လာရင် အပေါ်က ပြောထားတဲ့ Error လေး အဆင်ပြေသွားပါပြီ။
"Error တူများရှိခဲ့ရင်အဆင်ပြေကြပါစေ"