အခြေခံ Mobile Software သင်ခန်းစာများ လေ့လာခြင်း (၁) (For Beginner)

 


အခြေခံ Mobile Software သင်ခန်းစာများ လေ့လာခြင်း (၁) (For Beginner)

ဒီသင်ခန်းစာလေးကတော့ ဖုန်းပြုပြင်ခြင်း ကိုလေ့လာချင်တဲ့သူတွေအတွက်ဘယ်လိုပြုပြင်ရမလဲ ဆိုတာကိုရှင်းပြပေးမှာပါ။ မင်္ဂလာပါ  ကျွန်တော့် နာမည်က အောင်မြင့်ဦး ဖြစ်ပါတယ်။ iFix Mobile Service & Trainning  သင်တန်းကျောင်းမှာ Softwareပိုင်းဆိုင်ရာ သင်ကြားပေးသူတစ်ယောက်ပါ။

လေ့လာကြည့်ခြင်း

 တစ်ဦးနှင့်တစ်ဦးဆက်သွယ်မှုလွယ်ကူဖို့အတွက် Electronic Mobile Phone တွေကို တီထွင်လာကြပြီးတော့အခုဆိုရင်လူတိုင်းနီးပါမှာ သုံးစွဲလာကြတာကိုတွေ့မြင်ရမှာပါ။ စျေးကွက်ထဲမှာလဲ Modelမျိုးစုံ Brand မျိုးစုံကိုတွေ့မြင်ကြရမှာပါ။ ဒါကြောင့် Mobile Phone တွေအတွက် ပြုပြင်ခြင်း၊ ရောင်းချခြင်းများလဲ  များပြားလာပါတယ်။ စျေးကွက်အရ Mobile Phone ပြုပြင်ခြင်းဆိုင်ရာကိစ္စများဟာလဲစျေးကွက်လိုအပ်ချက်လိုဖြစ်လာခဲ့ပါတယ်။

Mobile Softwareပြုပြင်ခြင်းလုပ်ငန်းကို ဘာကြောင့်လေ့လာဖို့လိုအပ်တာလဲ?

    တစ်ကယ်လို့သင်ဟာ Mobile Phoneပြုပြင်ခြင်းနယ်ပယ်မှာ ရှိနေတယ်ဆိုရင်တောင် hardware ပြုပြင်ခြင်း တစ်ခုတည်းထဲဖြင့် ပြုပြင်နိုင်မှာတော့ မဟုတ်ပါဘူး ဘာကြောင့်လဲဆိုတော့  Software နှင့် Hardware ဆိုတာအပြန်အလှန်မှီခိုပြီး အလုပ်လုပ်နေတာကြောင့် Hardware ပြုပြင်ရေး လုပ်နေသူများအနေဖြင့်လည်း Software ပြုပြင်ခြင်းကိုလဲဗဟုသုတအနေဖြင့်လေ့လာသင့်ပါတယ်။

Mobile Phone Software ပြုပြင်ခြင်းကိုဘယ်လိုလေ့လာလို့ရမလဲ?
    Mobile Phone Software ပြုပြင်ခြင်းဆိုင်ရာများကိုလေ့လာချင်တယ်ဆိုရင်တော့ Online မှာများစွာသော  website များ, Facebook Page, Youtube စသည်ဖြင့် များစွာရှိပါတယ်။ ဒါပင်မဲ့လဲ စနစ်တစ်ကျရေးသားပြုစုထားတာတွေကိုတော့ ရှာဖွေဖို့ ခက်ခဲတာကြောင့် ကျွန်တော်တို့ရဲ့ သင်ရိုးကိုအကျဉ်းချုပ်ပြီး လေ့လာသင်ယူချင်များအတွက် သင်ပြပေးနိုင်ရန် ရေးသားတင်ပြပေးလိုက်ရပါတယ်။

Mobile Software ပြုပြင်ခြင်းကိုအွန်လိုင်းတွင် ဘယါသူတွေလေ့လာသင့်လဲ?
    Mobile Phone ပြုပြင်ခြင်းလုပ်ငန်းကိုစိတ်ဝင်စားသူတိုင်း သင်ယူဖို့အတွက်မည်သည့်အရွယ်မဆို သင်ယူနိုင်ပါတယ်။
  •  အခြေခံမှစပြီးလေ့လာချင်သူများအတွက်
  • လေ့လာပြီးသောသူများအတွက်
  • Mobile Shop ဖွင့်ချင်သူများအတွက်
  • Mobile Shop  ရှိပြီးသားသူများအတွက်
  • Mobile Repairing တွင် Carrier ပြုလုပ်လိုသူများအတွက်
  • အခြား Mobile ပြုပြင်ခြင်းဆိုင်ရာတွင် တာဝန်ထမ်းဆောင်လိုသူများ
  • Mobile Phone ပြုပြင်ခြင်းမှဝင်ငွေရှာလိုသူများ
"အခြေခံတွေ အကောင်ထည်ပေါ်ရင်အဲ့တာတွေကအဆင်မြင့်တဲ့အရာတွေ"

    ကျွန်တော် သင်ကြာပေးသောအရာတွေက အခြေခံတွေပါ။နည်းပညာဆိုတာက တစ်နေ့ထက်တစ်နေ့ ပြောင်းလဲလာတာကို သတိပြုပါ။သင်တက်မြောက်သွားရင်တောင် အမြဲတမ်းလေ့လာပြီးတော့ သင့်ကိုယ်သင် ကြိုးစားနေဖို့ လိုအပ်ပါတယ်။ 

ဒီ Mobile Software Course မှာဘာတွေသင်မှာလဲ? ဘာတွေလေ့လာရမှာလဲ?
  1. SOFTWARE ပြုပြင်ခြင်း အတွက် Laptop/Pc တွင်လိုအပ်ချက်များ
  2.  Lapto/PC တွင် လိုအပ်သော Software များ ထည့်သွင်းခြင်း
  3. Mode  အချက်အလက်များ (Download Mode, MTK, Qualcomm, SPD, Samsung), Fastboot, ADB, EDL,Diag,Recovery, MTP, Meta, Bootloader စတဲ့ Mode တွေအကြောင်း
  4.  USB Driver အချက်အလက်၊ USB Driver တပ်ဆင် Flash ဖိုင်များနှင့် အခြားဖိုင်များအချက်အလက်

  5. MTK (MediaTek) Flashing

  6. Qualcomm Flashing

  7. Spreadtrum (SPD) Flashing

  8. Samsung Flashing

  9. Xiaomi ဖုန်းများ Flashing

  10. Android FRP 

  11. Lock Using App & setting 

  12. Samsung FRP Lock Using App & setting 

  13. ဆော့ဖ်ဝဲလ်ပြုပြင်ရေး Tools ၊ Dongle နှင့် Box မိတ်ဆက်ခြင်း

  14. Unlcok Tool Installation And using Guide

  15. Mobile Sea Tool Installation And using Guide

  16. UMT Dongle using Gide

  17. Miracle box using Guide

  18. How To Use Z3X

  19.  MI Account Lock

  20. IMEI reaping guide Using Free Tools and Paid tools

  21. Details About Online Services

  22. EMMC Work Overview

  23. Software Box and Dongles Buying Guide

  24. Tips And Tricks Regarding Mobile Software


Mobile Phone Software  ပြုပြင်ခြင်းအတွက် ဘာတွေလိုအပ်မလဲ?
  • Laptop (သို့) PC တစ်ခုခုလိုအပ်ပါတယ်။
  • Data cable (Type C, V8)
  • Internet connection
  • Mobile Software Repair Tools
  • Computer အခြေခံ အနည်းအကျင်းသိရှိရပါမယ်။
  •  တစ်ခါတစ်ရံ အခြေခံ Hardware Skills နဲ့  knowledge လေးတွေ သိထားရပါမယ်။ဘာကြောင့်လဲဆိုတော့ တစ်ခါတစ်ရံမှာ ဖုန်းကိုဖွင့်ပြီး လုပ်ရတာတွေရှိလို့ပါ။
* လေ့လာမည် ဆိုလျှင် Post အားလုံးကို အစဥ်လိုက် စနစ်တစ်ကျ လေ့လာဖို့ အကြံပေးလိုပါတယ်။
ဒါမှသာ အဆင့်တွေမကျော်ပဲ သိရှိနားလည်နိုင်မှာပါ။*



Post a Comment

Previous Post Next Post

Contact Form