Mobile Phone Hardware ပိုင်းပြုပြင်ခြင်းဆိုင်ရာ သင်ခန်းစာများ (၁)


Mobile Phone
တွေပြုပြင်တဲ့အခါမှာ ပြုပြင်နည်း (၂) မျိုးပဲရှိပါတယ်။ Software ပိုင်းပြုပြင်တာနှင့် Hardware ပိုင်းပြုပြင်တာရယ်ဆိုပြီး ဒီထဲကမှ သင်တန်းမတက်နိုင်တဲ့သူတွေ အတွက်  ကျွန်တော်တို့ရဲ့  iFix IT & Mobile မှ အပတ်စဉ် ယခုလို တင်ဆက်ပေးသွားဖို့ရှိပါတယ်။

ပထမဆုံး အခြေခံဖြစ်တဲ့ Current ပိုင်းကို စလေ့လာကြည့်ရအောင်

 

current  ဆိုတာဘာလဲ?

            Current ဆိုတာ လျှပ်စစ်ပတ်လမ်းတစ်ခုမှ အမှတ် ၁ခုကို electrons များဖြတ်သန်းစီးဆင်းသည့် နူန်းကို ပြောတာဖြစ်ပါတယ်။ အလွယ်တစ်ကူပြောရရင်  current = flow လို့ပြောလို့ရပါတယ်။ သူ့ကိုတိုင်းမယ်ဆိုရင် ampere ဒါမှမဟုတ်‌ amp နဲ့တိုင်းတာလို့ရပါတယ်။ amps ကိုတိုင်းတာဖို့ သင်္ကေတ အနေနဲ့

A         = amperes, for a large amount of current (1.000).

mA      = milliamperes, a thousandth of an amp (0.001).

µA       = microamperes, a millionth of an amp (0.000001). ကိုအသုံးပြုပါတယ်။

Basic Current (၂)မျိုးရှိပါတယ်။ Direct current (dc) & Alternating current (ac)



Direct current (dc):

________ +

-------------  -

Direct current(dc)သည် uni-directional ဖြစ်သော လျှပ်စီးကြောင်း (electric current) ဖြစ်သော ကြောင့် charge (အားသွင်း) စီးဆင်းမှုသည် တစ်ဖတ်တည်းသာစီးဆင်းသည်။ Alternating current နှင့် ဆန့်

ကျင်ဘက်ဖြစ်ပြီး direct currents ၏ ဦးတည်ချက်နှင့် အမ်ပီယာသည် ပြောင်းလဲမှု မရှိပါဘူး။အများအားဖြင့်  Batteryအသုံးပြုသော Devices နှင့် အိမ်သုံး electronics ပစ္စည်းများမှာ တွေ့ရပါတယ်။ သင်္ကေတ  အနေဖြင့်ဒါမှမဟုတ်များဆိုပြီး digital multimeter ပေါ်တွင်တွေ့ ရှိနိုင်ပါတယ်။

 

Alternating current (ac):

            Alternating curremt (ac) : သည် ဓာတ်အားပေးစက်ရုံ အများစုမှ ထုပ်လုပ်ပြီး ဓာတ်အားဖြန့်ဖြူး သည့်စနစ် အများစုတွင် အသုံးပြုသော လျှပ်စီးကြောင်း (electric current) အမျိုးအစားဖြစ်ပါတယ်။ sine wave ပုံစံဖြင့် စီးဆင်းပါတယ်။ Direct Current နှင့်ဆန့်ကျင်ဘက်အနေဖြင့်၊ လျှပ်စီးကြောင်း၏ ဦးတည်ချက် နှင့်အမ်ပီယာသည် တစ် စက္ကန့်လျှင်  50Hz/60Hz ပြောင်းလဲပါသည်။ သင်္ကေတ  အနေဖြင့် A~  ဒါမှမဟုတ် µA~ ဆိုပြီး digital multimeter ပေါ်တွင်တွေ့ ရှိနိုင်ပါတယ်။

Current တွေအကြောင်းသိပြီးပြီဆိုရင်တော့ ဖုန်းပြင်တဲ့နေရာမှာ အသုံးပြုတဲ့ Tools တွေအကြောင်းကို နောက်ထပ်သင်ခန်းစာမှာ ရှင်းပြပေးသွားပါမယ်ခင်ဗျ။ ကျွန်တော်ကတော့ Than Toe Aung ပါ။ iFix IT & Mobile Service Training Center မှာ Hardwareပိုင်းသင်ကြားပေးနေပါတယ်။ Mobile Phone ပြုပြင်ခြင်း လုပ်ငန်းကို သင့်အနေနဲ့ စိတ်ဝင်စားတယ်ဆိုရင် အခြေခံမှစတင်ပြီး ကျွမ်းကျင်တက်မြောက်ဖို့ဆိုရင် ကျွန်တော်တို့ရဲ့သင်တန်းကျောင်းမှာ လာရောက်သင်ယူနိုင်ပါတယ်။



Post a Comment

Previous Post Next Post

Contact Form