Redmi 6A Water Damage & Touch & Network Error (Hardware)

Redmi 6A ရေဝင် မှန်လဲ

Customer တစ်ယောက် ဆိုင်ကို Redmi 6A မှန်လဲချင်လို့တဲ့ရောက်လာတယ်....

မှန်အသစ်နဲ့ စမ်းတယ် ရုပ်ပေါ်တယ်။ Touch ကဆွဲမရဘူး...

သေချာစစ်ကြည့်တော့ socket က ရေတွေဝင်ပြီး ပျက်နေတာ....

အဲ့ဒါနဲ့ 6A အောက်ခြမ်းအဟောင်းထဲက socket လေးဖြုတ်ပြီးအသစ်တပ် touch ရ မရ ထက်စမ်းကြည့်တယ် Touch ကမရသေး...

အဲ့လိုဆိုလဲ volt ထွက်စစ်ကြည့်တာပေါ့ဆိုပြီး စစ်ကြည့်တော့....

Touch အတွက်လာတဲ့ 2.8V လမ်းကြောင်းက volt ပျောက်နေရော....



သူ့အလုပ်လုပ်ပုံကိုကြည့်လိုက်တော့...

သူက VBATT ကနေ Dc to Dc ကို volt ပေးမယ်...

ပြီးမှ 2.8V ကိုထုတ်ပေးတယ်....

အဲ့တော့ အများကြီးမစဥ်းစားတော့ဘူး....

Vbat ကနေပဲ volt ကျော်ပေးလိုက်တယ်.....

Dc to Dc ကကောင်းသေးတော့ 2.8V ထွက်လာတယ်...

Touch ရ မရ စမ်းတော့ Touch ကပြန်ရသွားပြီ...




အဲ့လိုနဲ့ All fine လား မfine လားစမ်းတော့ network ကမရ...

မှန်ဘီလူးနဲ့လိုက်ကြည့်တော့ 3G 4G network ic ပိုင်းမှာလဲရေဝင်ထားတာတွေ့တယ်....

အဲ့ဒါနဲ့ပဲ အဲ့နားက လောင်နေတဲ့ C လေးတွေကိုဖြုတ်လိုက်တယ်....

Network ic ကိုရောက်ရမယ့် volt တွေကိုစစ်တော့ pmu ကလာတဲ့ VIO 1.8 က volt ပျောက်နေတယ်....

အနီးအနားမှာကလဲ Sd အတွက် pmu ကနေ VIO 1.8V ပေးထားတာတွေ့တယ်....

အဲ့တော့ အဲ့လမ်းကြောင်းကနေပဲ jumper ကျော်ပေးလိုက်တယ်....

sim card ထည့်စမ်းတော့ 4g လဲရတယ်....

ဘေလ်လဲစစ် ဖုန်းခေါ်လဲ စမ်းတယ်....


အကုန်အဆင်ပြေသွားပါတယ်....

ကျနော်အလုပ်မလုပ်ဘူးထင်မှာဆိုးလို့ ပိုစ့်လာတင်တာပါနော်.....

နောက်လဲအခုလိုများများတင်တော့မှာမို့လို့ အချို့အချို့ကိုလဲမျက်စိနောက်ခဲ့ရင်ခွင့်လွှတ်ပေးပါလို့ တောင်းဆိုပါတယ်နော်.....


Post a Comment

Previous Post Next Post

Contact Form