အခြေခံ Mobile Software သင်ခန်းစာများ လေ့လာခြင်း အပိုင်း (4) (For Beginner)

ဒီသင်ခန်းစာမှာတော့ Mobile Software ပြုပြင်ခြင်းလုပ်ငန်းတွင် အရေးကြီးတဲ့ လုပ်ငန်းစဥ်တွေကို ပြောပြပေးမှာပါ။  ဒီလုပ်ငန်းစဥ်တွေက အခြေခံ ကျကျ သိထားသင့်တဲ့ အချက်တွေပါ။ Mobile Software Field ထဲတွင် ရှိနေပါကလည်း ဒီလုပ်ငန်းစဥ်တွေကို သိထားရန် လိုအပ်ပြီး အမြဲ မှတ်သားထားဖို့လိုအပ်ပါသည်။မင်္ဂလာပါ  ကျွန်တော့် နာမည်က အောင်မြင့်ဦး ဖြစ်ပါတယ်။ iFix Mobile Service & Trainning  သင်တန်းကျောင်းမှာ Softwareပိုင်းဆိုင်ရာ သင်ကြားပေးသူတစ်ယောက်ပါ။

မိုဘိုင်းဆော့ဖ်ဝဲလ်ပြုပြင်ရေးတွင် အရေးကြီးသောအရာများ

Software ဆိုတာဘာလဲ?

     Software ဆိုတာ Mobile Phone စနစ်ပေါ်မှာ အခြေခံပြီး Program များ၏ ညွှန်ကြားခိုင်းစေချက်ကို  စုစည်းထားသည့် Program အစုအဝေး တစ်ခုဖြစ်တယ်။ software တွင်  Applaction software နှင့် System Software ဆိုပြီး ၂မျိုးရှိပါတယ်။ 
       Applaction software ဆိုတာ  Hardware နှင့်တွဲသုံးနိုင်ရန် လိုအပ်တဲ့ Software ကိုပြောတာပါ။ 
ဥပမာ -    facebook, mobile Legends လိုမျိုး software တွေကို Applaction software လို့ခေါ်ပါတယ်။
    System Software ဆိုတာ applaction software တွေကို သုံးလို့ရအောင် ပြုလုပ်ထားတဲ့ OS(operation system) ကဲသို့သော software ကို System software ကိုခေါ်ပါတယ်။


အပေါ်ပုံကို Hardware လို့ခေါ်တဲ့ ဖုန်းကို ကိုင်ပြီး ပါ၀ါဖွင့်လိုက်မယ်။ logo တက်ပြီး Operating System ဆိုတဲ့ Home screen ပေါ်ရောက်သွားမယ်။ အဲ့ပေါ်ကမှ ကျွန်တော်တို့ သုံးချင်တဲ့ facebook ဆိုတဲ့ application softwrae ကို နှိပ်လိုက်ရင် User ကလိုချင်တာတွေကိုကြည့်လို့ရပါတယ်။ဒီလို process နဲ့သွားတာပါ။

Flashing ဆိုတာဘာလဲ?

Flashing ဆိုသည်မှာ Mobile Phone များကို Operating Software ( Firmware ) ကို အသစ်ပြန်လည်ထည့်သွင်းခြင်းကို ဆိုလိုတာပါ။ပြောရမယ် ဆိုရင် အရင် အဟောင်း Operating System (OS) တစ်ခုလုံးကို ဖျက်ပစ်လိုက်ပြီး Operating System Software အသစ်ကို Update လုပ်ခြင်းပါ။

ဘာကြောင့် flashing လုပ်ဖို့လိုတာလဲ?

Mobile Phone များတွင် အောက်ပါ ချို့ယွင်းချက်များရှိလျှင် flashing လုပ်လေ့ရှိပါတယ်။

  • Logo မှာရပ်နေခြင်း
  • Power ပိတ်လိုက်ဖွင့်လိုက်ဖြစ်နေခြင်း
  • စက်ဟန်းနေခြင်း
  • System Applactionများ အလုပ်မလုပ်ခြင်း
  • နောက်ဆုံးထွက် system update ပြုလုပ်လိုခြင်း
  • system များ မှားယွန်းပြီး လုပ်ထားလျှင်
  • Mobile Phone ပြုပြင်သည့်အခါ Software,Hardware ခွဲခြားလို့မရလျှင်
  •  Mobile Display သည် Blankဖြစ်တဲ့
  • Touch အလုပ်မလုပ်တဲ့ အခါ
  • ဖုန်းကို Lock ဖွင့်မရတဲ့အခါ (patten,pin,password)
  • soft Brick ဖြစ်တဲ့အခါ

Flashing Methods ကို ဘယ်လိုခွဲခြားသတ်မှတ်မလဲ?

Mobile Phone တွေကို Flashing လုပ်တဲ့ Process တိုင်းဟာကွဲပြာခြားနားပါတယ်။ Mobile Phone Brand & CPU (Process၀r) ပေါ်မှာ မူတည်ပြီး ခွဲခြားပါတယ်

CPU ဆိုတာဘာလဲ?
 ဖုန်းမှာပါတဲ့ CPU (Centran Processing Unit) ဆိုတာ  Android Operating System အတွက် Running လုပ်ဖို့အပြင် App တွေလိုအပ်သည့် လုပ်ဆောင်မှုများအားလုံးကို လုပ်ဆောင်ရန် တာဝန်ရှိပါသည်။ Android ဖုန်းများတွင် အခြားသော CPU အသုံးပြုပင်မဲ့ ယေဘူယျအားဖြင့် အောက်ဖော်ပြထားသော  CPU များသာအသုံးများပါတယ်။

MTK (Mediatek)

Qualcomm   (Snapdragon)

SPD   (Spreadtrum)

Xynos (Samsung ဖုန်းများတွင် အများဆုံးအသုံးပြုသည်)

HiSilicon ၊ Kirin (Huawei ဖုန်းများတွင် အသုံးပြုသည်)


Flashing ဘယ်လိုလုပ်လဲ?

Flashing Tools များစွာရှိပြီး အချို့သော Brand များသည် ၎င်းတို့၏ကိုယ်ပိုင် Official Flash Tool ကိုအသုံးပြုပြီး Flashing ပြုလုပ်နိုင်ပါတယ်။

 ဥပမာ -

Xiaomi      ➡ (Mi Flash tool)၊

Samsung ➡ (Odin)၊

Nokia        ➡ (Nokia Flash tool & OST Tool)

Realme ၊ Oppo ➡ (MSM Download Tool)

Motorola  ➡ (RSD Lite)

Techno     ➡ (Techno Flash tool)

နောက်တစ်ခုက CPU ပေါ်မှာမူတည်ပြီး Flashing ပြုလုပ်ပါတယ်။

 MTK  SP Flash Tool

Qualcomm  QFIL Flash tool

SPD   SPD Flash tool

Software ကို Mobile Phone  ရဲ့ ဘယ်မှာ ထည့်သွင်းထားလဲ?

Mobile Phone များတွင် Software နှင့် အခြားသော Program များကိုလည်း EMMC တွင် ထည့်သွင်းထားပြီး Emmc သည် Mobile Phone ရဲ့  Hard disk တစ်ခု ဖြစ်ပါတယ်။

EMMC ပျက်စီးနေရင် ပြင်လို့ရလား?

ပြုပြင်လို့ ရပါတယ်။ Reprogramming လုပ်ရမှာပါ။ EMMC Overview Post တွင် သီးခြား ရှင်းလင်းပေးပါ့မည်။

မိုဘိုင်း CPU များကို ဘယ်လိုခွဲခြားရမလဲ?

မသိသေးတဲ့ သူတွေအတွက် အကောင်းဆုံးကတော့ Google မှာရှာပါ။ Mobile Brand, Model No, CPU အမျိုးအစား နှင့် Chipset ရိုက်ပြီးရှာနိုင်ပါတယ်

ဥပမာ -

➡ Redmi 10 Chipset 

➡ Vivo Y21 CPU Type



Flashing Modes

Flashing Mode သည် Brand နှင့် CPU ပေါ်တွင်မူတည်သည်။

Fastboot ဆိုတာဘာလဲ?

Fastboot သည် သင့်စက်ပေါ်ရှိ Partitions များကို ပြန်လည် Flash ရန်အတွက်အသုံးပြုမည့် Protocol တစ်ခုဖြစ်ပြီး Android စက်များတွင် Flash File System ကို အပ်ဒိတ်လုပ်ရန် ဖြစ်သည်။ Fastboot သည် Mobile Phone Hardware နှင့် Computer အကြား ဆက်သွယ်ရေးအတွက် Protocol တစ်ခုဖြစ်သည်။

Fastboot mode တွင်ဘာတွေလုပ်နိုင်လဲ?

Fastboot တွင် System ဖိုင်များကို Flash နိုင်သည်။

Bootloader Unlock လုပ်နိုင်သည်

Recovery သို့ ကူးပြောင်းနိုင်သည်။

Fastboot မှ Normal Mode သိုပြောင်းနိုင်တယ်။

ထို့အပြင် ဖုန်းကို Fastboot mode မှာ Format လုပ်နိုင်သည်။

အချို့ဖုန်းများတွင် FRP Lock ကို ဖြုတ်နိုင်သည်။

Fastboot Mode ကိုဘယ်လိုဝင်ရမလဲ?

Brand ပေါ်မူတည်ပြီး မတူညီသောဖုန်းများတွင် Fastboot mode သို့ boot လုပ်နည်းအမျိုးမျိုးရှိသည်။

Method (1)

 အရင်ဆုံး ဖုန်းကို ပိတ်ထားဖို့ လိုပါတယ်၊ ပြီးရင်  Volume Down Key Power Key ကို စက္ကန့်အနည်းငယ်လောက် ဖိထားပါ။ဒီနည်းလမ်းက ဖုန်းတော်တော်များများမှာ အလုပ်လုပ်ပါတယ်။တယ်။

Xiaomi , Huawei , oppo အခြား brand များ )

Method (2)

အရင်ဆုံး ဖုန်းကို ပိတ်ထားရန် လိုပါတယ်။

ထို့နောက် Volume UP Key + Power Key ကို  နှိပ်ပါ။စက္ကန့်အနည်းငယ်လောက် ဖိထားပါ။

Vivo ,Lenovo, Oneplus Brand များ

ပေါင်းစပ်ခလုတ်နှစ်ခုလုံးကို စမ်းသုံးကြည့်နိုင်သလို အချို့သော Brand များသည် Process နှစ်ခုလုံးကို အသုံးပြုပြီး၊

Display တွင် Fastboot mode သို့ဝင်ပြီးနောက် Fastboot mode ကိုတွေ့ရပါမည်။


Download Mode ဆိုတာဘာလဲ?

Download Mode သည် Firmware ဒေါင်းလုဒ်လုပ်ပြီး Phone ကို Flashing လုပ်နိုင်စေမည့် Android Phone တွင် booting Mode များထဲမှ တစ်ခုဖြစ်ပါတယ်။

Download Mode ကို ဘယ်လိုဝင်ရမလဲ?

MTK CPU Download Mode



MTK CPU အတွက် ပေါင်းစပ်ခလုတ် ကို စမ်းသုံးနိုင်သည်။ ဒီလုပ်ငန်းစဉ်မှာ Switch Off Condition တွင် အလုပ်လုပ်ပါတယ်။

Method (1)  Volume Up key + Volume Down key ကို နှိပ်ပြီး ဖိထားပါ။ (USB Cable ချိတ်ပါ)

Method (2) ပထမဦးစွာ ဘက်ထရီကို 2.3 စက္ကန့်ကြာ ဖြုတ်ပါ။ထို့နောက် USB Cable ချိတ်ဆက်ပါ။( Old Model များအတွက်သာ )

 Method (3) Volume UP ခလုတ်ကို နှိပ်ပြီး + USB ကြိုးကို ချိတ်ဆက်ပါ။

 Methid (4) ဖုန်းကိုပိတ်ပါ ၊ USB ကို တိုက်ရိုက် ချိတ်ဆက်ပါ။

SPD  CPU ဒေါင်းလုဒ်မုဒ်

SPD စက် များအတွက် သင်သည် ဤပေါင်းစပ်ခလုတ်များကို စမ်းသုံးနိုင်သည်။

1- Volume UP ခလုတ်ကို နှိပ်ပြီး ကိုင်ထားပါ + USB ကြိုးကို ချိတ်ဆက်ပါ။

 2- Volume Up key + Volume Down Key ကို နှိပ်ပြီး ကိုင်ထားပါ (USB ကြိုးကို ချိတ်ဆက်ပါ)

 3 – Volume Down Key ကို နှိပ်ပြီး ကိုင်ထားပါ (USB ကြိုးကို ချိတ်ဆက်ပါ)

 

EDL Mode (9008 Mode) (Test Point)

EDL Mode (9008 Mode)(Test Point) ဆိုတာဘာလဲ?

CPU မှတဆင့်ချိတ်ဆက်သောကိရိယာများကို EDL ဟုခေါ်သည်။ EDL သည် ( Emergency Download Mode) ဖြစ်သည်။ Mobile Phone တွင် boot loop၊ Soft brick သို့မဟုတ် dead boot ဖြစ်နေချိန်တွင် Computer မှတစ်ဆင့် Android OS (firmware) ကို Processer မှတစ်ဆင့် EMMC သို့ ပို့ဆောင်နိုင်သည့် Mode ဖြစ်သည်။EDL Mode ကို Qualcomm စက်များအတွက် သာသီးသန့်အသုံးပြုနိုင်ပါသည်။

Qualcomm CPU တွင် EDL Mode ကိုမည်သို့ဝင်ရောက်နိုင်မလဲ?

Switch Off Condition တွင် အလုပ်လုပ်မည်ဖြစ်သည်။

EDL အတွက် အောက်ပါနည်းလမ်းတွေကို စမ်းသုံးကြည့်နိုင်ပါတယ်။

Method (1) Volume Up key + Volume Down Key (USB ကြိုးကို ချိတ်ဆက်ပါ) (Old Model အတွက်သာ) ကိုနှိပ်ပြီး ကိုင်ထားပါ။

Method (2) အချို့ Qualcomm ဖုန်းများတွင် EDL Deep Flash Cable ကို အသုံးပြုနိုင်သည်။

Method (3) PCB Test Point 

Mobile PCB (Printed circuit boards) တွင် များတွင် မတူညီသော Test Point တည်နေရာတစ်ခုရှိသည်။ Test Point များကို Google တွင် Phone Model များနှင့် Test Point ကိုရှာနိုင်သည်။ ဇဂနာ ထောက်ပြီး usb ကြိုးနှင့်ချိတ်ဆက်ပါ။


Samsung Download Mode (Odin Mode)

Samsung Phone များအတွက် ပေါင်းစပ်ခလုတ်များကို စမ်းသုံးနိုင်သည်။ဒီ Process  Work On Switch Off Condition ပါ။

 Volume Down  Key +  Power  Key +  Home Key ကို  နှိပ်ပြီး ဖိထားပါ။ 

သတိပေးချက်စခရင်တွင် ဒေါင်းလုဒ်မုဒ်သို့ ဝင်ရောက်ရန် တောင်းဆိုလာပြီး Volume UP  ခလုတ်ကို နှိပ်ပါ။

ADB Mode ဆိုတာဘာလဲ?

ADB (Android Debug Bridge) ကို Android ဖုန်းများနှင့် ဆက်သွယ်ရာတွင် အသုံးပြုပါသည်။ ADB Mode ကို Android ဖုန်းတိုင်းတွင်အသုံးပြုပါသည်။

PC မှတဆင့် ADB Mode တွင် ဘာလုပ်နိုင်သလဲ?

Apps တွေကို Install & Uninstall လုပ်နိုင်ပါတယ်။Device ကို reboot လုပ်နိုင်ပါတယ်။

Recovery Mode သို့ ပြောင်းနိုင်ခြင်း။

Fastboot Mode သို့ ၀င်ရောက်နိုင်ခြင်း။

တစ်ချို့ဖုန်းများတွင်  EDL Mode သို့ ဝင်ရောက်နိုင်သည်။

အပေါ်မှာ ဖော်ပြထားသော အလုပ်များသည်  command  နှင့် Tools ကိုအသုံးပြုပြီး လုပ်ဆောင်နိုင်သည်။

ADB Modeတွင် လုပ်ဆောင်နိုင်သည့် အခြားလုပ်ဆောင်နိုင်တာတွေလဲ အများအပြာရှိပါတယ်။ ဒီအကြောင်းအရာတွေကို ADB အသေးစိတ် Post မှာတင်ပေးနိုင်အောင် ကြိုးစားသွားမှာပါ။

ADB Mode ကို ဘယ်လိုဝင်မလဲ?

ADB ဖွင့်ရန်

Mobile Setting သို့သွားပါ။

Settings➡ About phone ➡ Build number (tap 7 times on build number)

ပြီးနောက် Appear (Developer Options) တွင် ဆက်တင်အသစ်တစ်ခုကို တွေ့ရပါမည်။

USB Debugging option in the Developer option, Turn it On

မှတ်ချက် - အချို့သော Mobile Device များသည် Mobile Phone Brand များပေါ်မူတည်ကာကွဲပြာပါသည်။

Xiaomi Phone များတွင် MIUI Version ကို 7 ကြိမ်ထိနှိပ်ရပါမည်။

Vivo Phone များအတွက်  Software Version ကို နှိပ်ရပါမည် ။

Recovery mode ဆိုတာဘာလဲ?

 Android Recovery Mode ဆိုတာ Android Devices တစ်ခုစီတွင် ထည့်သွင်းထားသော အထူး Recovery Application တစ်မျိုးဖြစ်ပါတယ်။

Stock recovery Flash Update လုပ်နိုင်ခြင်း။ update.zip ဖိုင်၊ OTA update မှ update များကို  flash ရန် အသုံးပြုနိုင်ပါသည်။

Recovery mode တွင်ဘာတွေလုပ်နိုင်လဲ?

Wipe Data

Factory Rest

Pin/patten Lock remove(Flashing မလုပ်မီ အရင်ဆုံ လုပ်သင့်သည့် အချက်ပါ။)

Reboot System

Recovery mode ကို ဘယ်လိုဝင်ရမလဲ?

Recovery mode အများစုသည် ပေါင်းစပ်ခလုတ်များကို စမ်းကြည့်နိုင်သည်။

Volume UP key + POWER Key ကို  နှိပ်ပြီး ဖိထားပါ။

Samsung အတွက်

Volume UP key + POWER Key + Home Key

Volume UP key + POWER Key  ( Home key မပါသောဖုန်း)


MTP Mode ဆိုတာဘာလဲ?

MTP (Media Transfer Protocol) သည် ဖိုင်များကို Computerမှ Mobile Phoneသို့ အပြန်အလှန် Data ပြောင်းလဲရန် ခွင့်ပြုသည့် Android protocol တစ်ခုပါ။ 

MTP မုဒ်ကို ဘယ်လိုဝင်ရမလဲ?

 ဖုန်းကို  Normal အခြေအနေတွင် Computer နှင့်ချိတ်ဆက်ထားပါကTransfer File ဆိုပြီး ရွေးချယ်စရာတစ်ခုပြသမည်ဖြစ်ပြီး နှိပ်လိုက်ရုံဖြင့် MTP Device သည် PC ပေါ်တွင် File Manger အဖြစ်ပေါ်လာမှာပါ။

Lock, FRP, Country Lock

Lock ဆိုတာဘာလဲ?

နာမည် ပါတဲ့အတိုင်းပဲ android ဖုန်းရဲ့ Screen Lock ရဲ့Pin, Patten, Password ကိုပြောတာပါ။

(Pin, Patten, Password) ကို ဘယ်လိုဖွင့်မလဲ?

Recovery မှာ Factory Rest လုပ်ခြင်း။
Software Tool များဖြင့် ဖြုတ်ခြင်း။
flashing လုပ်ခြင်း။

အထက်ပါကိစ္စများဟာ Mobile Brand နှင့် CPU Type ပေါ်မူတည်ပြီးတော့ လုပ်နိုင်ပါတယ်။

FRP ဆိုတာဘာလဲ?

Factory Reset Protection လို့ခေါ်တဲ့ Frp ဟာ  Google အကောင့် lock ကျခြင်းကိုဆိုလို့ပါတယ်။အကြောင်း​အမျိုးကြောင့် Recovery မှ Rest ချလိုက်တဲ့အခါ ဒါမမဟုတ် Flashing လုပ်တဲ့အခါမှာ ပုံမှန် Screen တက်လာတဲ့အခါမှာပေါ်ပါတယ်။Android OS Version 5.1 (Lollipop) နှင့် အထက်မှာ စတင်ပြီးသုံးစွဲခဲ့တဲ့ Security တစ်ခုလဲဖြစ်ပါတယ်။မူလ စက်ရဲ့ Google အကောင့် (သို့မဟုတ်) Pin, Patten, Password ကိုပြန်လည်ရိုက်ထည့်ပေးတဲ့အခါမှာ Frp lock ဟာ အလိုလျောက်ပြန်လည်ဖွင့်ပေးပါတယ်။

Google account, Pin, Patten, Password မမှတ်မိရင် FRP Lock ကိုဘယ်လိုဖြည်မလဲ?

FRP ကို Lock ဖြည်ရန် နည်းလမ်းများစွာရှိသည်။ Mobile Security ဒါမှမဟုတ် Mobile Brandပေါ်တွင်မူတည်ပြီး Software Tool များဖြင့်လဲ ဖြည်နိုင်ပါတယ်။

Country Lock ဆိုတာဘာလဲ?(SIM Lock, Network Lock, region Lock)



Samsung Phone အများစုသည် Country Lock ထားတက်ပါတယ်။ ဒီနိုင်ငံ အတွက်ထုပ်လုပ်ထားတဲ့ဖုန်းကို ဒီနိုင်ငံမှာပဲ အသုံးပြုလို့ရအောင် လုပ်ထားတဲ့ နည်းပညာပါ။ ဒီနည်းလမ်းနဲ့ပဲ Samsung ဟာ သူတို့ဖုန်းတွေကို စျေးကွက်တစ်ခုထဲမှာ ၀ယ်ယူပြီး နောက်စျေးကွက်မှာ မရောက်းဖို့ တားမြစ်တာပါ။

ဥပမာ -

USမှာ Smart Phone ဝယ်ရင် US ဈေးကွက်အတွက် Device တစ်ခုပါ။ မှတ်ပုံတင်ဖို့အတွက် US SIM ကို အနည်းဆုံး 5 မိနစ်ကြာအောင် ဖုန်းတွင် အသုံးပြုရပါတယ်။ပြီးတော့ ဒီဖုန်းကို မြန်မာနိုင်ငံ သို့မဟုတ် အခြားနိုင်ငံများမှာလဲ သုံးမရအောင် လုပ်ထားပါတယ်။

Country Lock ကို ဘယ်လိုဖြည်မလဲ?

Country Lock ဖြည်ဖို့ Tool အချို့ရှိပါတယ်။

Password Unlock၊ FRP Unlock၊ Country Unlock တွေကို အသေးစိတ် Post တစ်ခုတင်ပေးပါအုံးမယ်။

Bootloader, Custom Recovery, Custom Rom, Root 

Bootloader ဆိုတာဘာလဲ?
 ဖုန်းတစ်လုံးကို power ခုလပ်စတင်ပြီး နှိပ်လိုက်တာနဲ စတင်ပြီး အလုပ်လုပ်တာ bootloader ပါ။ Bootloader ဟာ သင့်Mobile Phone ရဲ့ အခြေခံ အကျဆုံး အဆင့်ပါ။ ဒီအဆင့်မှာ သင့်ဖုန်း Normal Screen မရောက်မှီမှာ ပုံမှန် လည်ပတ်နေသော App တွေကို စစ်ဆေးတဲ့နေရာမှာ သုံးပါတယ်။ ပြောရမယ်ဆိုရင် လုံခြုံရေးအစောင့်တစ်ယောက်က code တွေအားလုံးကို အစီစဥ်တစ်ကျ စောင့်ကြည့်နေတာပါ။ အစီစဥ်မကျတဲ့ App တွေထည့်သွင်းဖို့ကြိုးစားလာတာနဲ့ bootloader က ငြင်းဆိုနိုင်ပါတယ်။

Custom Recovery ဆိုတာဘာလဲ?
   Custom Recovery ဆိုတာ 3rd-Party ပြင်ပအဖွဲ့စည်းဖြစ်ပြီး  မူလ Stock Firmware, စိတ်ကြိုက် ပြင်ဆင်ထားသော Firmware များကို ထည့်သွင်းနိုင် သည်။ မူလ Stock recovery တွင် စိတ်ကြိုက်ပြင်ဆင်ထားသော Firmware ကိုထည့်သွင်းလို့မရပါဘူး။ ဒါကြောင့် TWRP (Team Win recovery project)၊ CWM (ClockworkMod) စသော Custom Recovery များကို ထည့်သွင်းရန် လိုအပ်ပါတယ်။

Custom Rom ဆိုတာဘာလဲ?
  Custom Rom ဆိုတာ Google ရဲ့ Android Platform ကိုအခြေခံပြီး မူလ Firmware မဟုတ်ပဲ စိတ်ကြိုက်ပြင်ဆင်ထားသော Firmware ကိုဆိုလိုပါတယ်။ Android သည် open source ဖြစ်သော ကြောင့် မည်သည့် developer မဆို ကုဒ်ကို တည်းဖြတ်နိုင်ပါတယ်။  ပြီးရင်ပြန်လည်ပေါင်းစည်းကာ Android Phone များစွာအတွက် ပြန်လည်ထုတ်ဝေနိုင်ပါသည်။Custom Rom အသုံးပြုသူများသည် ဘာကြောင့် အသုံးပြုသလဲဆိုရင် မူလ Design ကိုမကြိုက်လို့ သို့မဟုတ် Android version နှိပ်နေတာကြောင့် မြင့်ချင်တာဖြစ်ဖြစ် အသုံးပြုကြပါတယ်။  ROMs တွေကို Android Developer တွေက တည်ထွင်ကြပါတယ်။

Root ဆိုတာဘာလဲ?

Rooting သည် Android Mobile  လည်ပတ်မှုစနစ်တွင် သုံးစွဲသူများကို  စိတ်ကြိုက် လိုအပ်သလို ဖန်တီးခွင့်ရယူပေးခြင်းကို  root access ဟုခေါ်သည်) 

ပြောရမယ်ဆိုရင်  Root ဆိုတာ Mobile Security ကိုချိုးဖျက်ပြီး Mobile Phoneကို စိတ်ကြိုက်ပြုလုပ်ခြင်းကိုဆိုလိုတာပါ။

Mobile Software Repairing တွင် Device တိုင်းကို Root လုပ်ရန် လိုအပ်လားမေးလာရင်တော့ ဖုန်းတိုင်း မဟုတ်ပင်မဲ့ တစ်ချို့သောပြုပြင်မှုတွေမှာ (IMEI Repair) လုပ်ခြင်းတွေမှာ Device ကို Root လုပ်ဖို့ လိုပါတယ်။ 

လိုအပ်ရင် Mobile Phoneကို ဘယ်လို Root လုပ်မလဲ?

Mobile Brand၊ CPU ပေါ်မူတည်ပြီး Android ဖုန်းတိုင်း rooting လုပ်တဲ့ Process က ကွဲပြားပါတယ်။

Rooting ပြုလုပ်ချင်တယ်ဆိုရင်တော့  XDA-Developers-Forum သို့ လုပ်ချင်သည့် Model နှင့်အတူလေ့လာသင့်ပါတယ်။

XDA Forum တွင် Rooting ၊ Bootloader Unlock လုပ်ခြင်း ၊ Custom Rom စသည်တို့အကြောင်း အားလုံးသိနိုင်ပါသည်။

မှတ်ချက်-  Root မလုပ်ခင် bootloader ကို unlock လုပ်ရပါမယ်။

Tools များကို အသုံးပြုပြီး Bootloader unlock ပြုလုပ်ခြင်းကို နောက်ထပ် Post တွေမှာ ရှင်းပြပေးပါမယ်။

Flash File ဆိုတာ ဘာလဲ?

Android Flash File များသည် Android Os လည်ပတ်ရန် ထည့်သွင်းထားသည့် ဖိုင်များဖြစ်သည်။ ကျွန်တော်တို့ အခေါ်အဝေါ်အရ (Stock ROM၊ Firmware) လို့ခေါ်ပါတယ်။ Firmware Files သည် Mobile Phone တစ်ခုခြင်းစီအတွက် Mobile Phone ထုပ်လုပ်သူတွေမှ တရားဝင် ထုပ်လုပ်ထားသည့် Software ဖြစ်သည်။

USB Driver ဆိုတာဘာလဲ?

USB Driver သည် Computer နှင့် Android Devices များကို အပြန်အလှန်ဆက်သွယ်နိုင်စေရန်အတွက်ပါ။ Android Devices တွေရဲ့ Software ပြဿနာ မှန်သမျှကို ပြုပြင်ချင်ရင် Computer ရဲ့ အကူအညီကို လိုအပ်သလို Computerနဲ့  ပြုပြင်ချင်တဲ့ Device ကို ချိတ်ဆက်ပေးတဲ့ Driver လဲလိုအပ်ပါတယ်။

Mobile Phone ပြုပြင်ဖို့အတွက် ဘယ်Diver တွေလိုအပ်လဲ?

အောက်က Driver တွေက ထည့်သွင်းထားဖို့သင့်တဲ့ Driver တွေပါ

➡ 15 Second ADB Installer

(ADB Driver အတွက်)

➡ အနည်းဆုံး ADB Fastboot

(ADB နှင့် Fastboot အတွက်)

➡ Qualcomm QDLoader-HS-USB Driver

( Qualcomm Deviceများအတွက် )

➡ MTK USB Drivers 

(MediaTek Deviceများအတွက်)

➡ SPD USB Drivers 

(SPD Deviceများအတွက်)

➡ Samsung USB Drivers 

(Samsung Deviceများအတွက်)

➡ Qcom Mtk Driver Install

( Oppo ၊ Realme ၊ Qualcomm နှင့် MTK CPU အမျိုးအစားအားလုံးအတွက် )

➡ Huawei USB com

(Huawei၊ Honor Deviceများအတွက်)

➡ MTP Driver

(Android စနစ်ကို ချိတ်ဆက်ရန်အတွက်)

Post a Comment

Previous Post Next Post

Contact Form