စလာတုန်းက mic မရလို့လာပြတာ....
ကျနော်က စစ်မယ်ဆိုပြီးယူထားလိုက်တယ်...
mic စမ်းလဲတယ်... လဲနေရင်းနဲ့ lcd က ရုပ်လုံးဝပျောက်သွားတယ်။
Blacklight က လင်းတစ်ချက် မလင်းတစ်ချက်ဖြစ်နေတယ်...
စိတ်ထဲတွေးမိတာ မှန်ကကြောင်နေပြီ လစ်တော့မလားမသိဘူးပေါ့....
အာ့နဲ့ ခဏနေပြန်စမ်း ကြည့်တယ်...
မှန်လုံးဝမလာတော့ဘူး...(
)


ထားကွာ မှန်အသစ်လဲပေးလိုက်တာပေါ့လို့တွေးလိုက်တယ်...
ဆိုင်က ကလေးတွေနောက်နေ့မှန်အသစ်နဲ့သွားစမ်းတယ် ရုပ်မထွက်ဘူးတဲ့...(တစ်ခါတစ်လေ အဲ့လိုပါပဲ လျှော်ပေးမယ်ဆိုရင်တောင် အဆင်မပြေတာမျိုးပေါ့)....
အဲ့တော့ ကလေးတွေဆိုင်ပြန်ရောက်လာတယ်
ကဲသေချာစစ်မယ်ကွာဆိုပြီး စစ်ကြည့်မှပဲစတွေ့တယ်
sensor မှာ ရေဂျိုးတွေဝင်ပြီး လောင်နေတာ...
အဲ့တော့ သေချာဆေးတယ် စစ်တယ်...
အဲ့မှာ sensor ကလဲ လျှော့ကျနေတယ်...
သူ့ကို volt ပေးထားတဲ့ 1.8 လမ်းကြောင်းက C ကလဲ လျှော့ကျနေတယ်...
အဲ့တော့ sensor ကိုအရင်ဖြုတ်တယ် ပြီးတော့ လောင်ပြီး လျှော့ကျနေတဲ့ C ကိုလည်းဖြုတ်လိုက်တယ်...
သေချာအောင် မီတာနဲ့ လျှော့ကျ မကျ စစ်တယ် လျှော့မကျတော့ဘူး...
အဲ့တော့မှ မှန်တပ်ပြီး ပြန်စမ်းကြည့်တယ် မှန်က ရုပ်ပြန်ထွက်လာတယ်....
mic က အသစ်လဲပေးလိုက်တယ် ရသွားပါတယ်...
အဖြေကတော့ သေချာမစစ်မိတာပါပဲ....
sensor က pmu က 1.8v ယူတယ်...
Lcd ကလဲ ရုပ်ထွက်ဖို့ အဲ့ 1.8v ကိုယူရတယ်...
sensor shock ကျတော့ ရုပ်ပါပျောက်သွားတယ်ပေါ့....
အတွေ့အကြုံတစ်ခု အတွေးတစ်ခု ရရင်ကျေနပ်ပါပြီ...