Redmi Note 4 MTK No Power

 Redmi note4 MTK လာအပ်တယ် စက်ကမသုံးတာကြာပြီ ဘာဖြစ်လဲစစ်ပေးပါဦးတဲ့....

Customer လာအပ်တဲ့အချိန်ကမီးကပျက်နေလို့စစ်လို့မရဘူး။

အဲ့ဒါနဲ့ အကိုရေ လောလောဆယ်မီးပျက်နေလို့ ကျနော်စစ်ပေးလို့မရဘူး မီးလာမှ သေချာ စစ်ပေးပြီးအကြောင်းပြန်ပေးမယ်နော်လို့ပြောလိုက်တယ်။

ခုမှစတာ.....
မီးလာတော့ကျနော်စစ်ကြည့်တယ်။
Supply မှာ amp ကတစ်ချက်ခုန်လိုက် ပြန်ပြုတ်ကျလိုက်ဖြစ်နေတယ်။
စိတ်ထဲတွေးမိတာ pmu မကောင်းတာလား...
Pmu အထွက်လမ်းကြောင်းက ရှော့ဖြစ်နေလားပေါ့...
သေချာအောင် pmu ဘက်က သံဖုန်းခွါကြည့်တယ်
ဘာမှပြင်ထားတာမရှိ လုံးဝသန့်တယ်
Pwr key ခဲပူးကြည့်တယ် pmu ဘေးက coil နဲ့ C လေးတွေထိပ် volt ထွက်လိုက်တိုင်းကြည့်တယ်
Volt တွေက အပြည့်မထွက်ဘူး 0.7လောက် 0.9 လောက်ပဲထွက်တယ်....
ဒါဆို emmc ဘက်မှာရော volt ထွက်ရှိလား မရှိလား စစ်ကြည့်ရမယ်
ကျနော် emmc သံဖုန်းကို ခွါလိုက်တယ်
Volt ထွက်တိုင်းတယ် ခုနကလိုပဲ 0.7 0.9 လောက်ပဲထွက်နေတယ်
ကျနော်ထက်မစဉ်းစားတော့ဘူး မီတာကိုင်တယ်
Pmu ဘေးမှာ Gnd ကျနေတဲ့ C ရှိမရှိပေါ့
Pmu ဘေးမှာမရှိဘူး
အဲ့တော့ Emmc ဘေးမှာ လိုက်ရှာတယ် တွေ့ပြီ....

MD1 လမ်းကြောင်းက C လေးကလောင်ပြီးပျက်နေတာ
အဲ့တော့ မီတာတံနဲ့ပဲ ဖြုတ်လိုက်တယ်...
သေချာကြည့်မိတော့မှ အောက်က layer ကပါ နဲနဲလောင်သလိုဖြစ်နေတယ် အဲ့တော့ Gnd ကျမကျ သေချာအောင် layer ကိုနဲနဲ သန့်ရှင်းရေးလုပ်လိုက်တယ်....
စက်ပြားမှာ ပစ္စည်းအစုံပြန်တပ်တယ်
စက်နှိုးကြည့်တယ် ခုနက pwr key ခဲပူးထားတာက ပြန်ဖြုတ်လိုက်တယ်နော်...
စက်နိုးလာတယ် all fine စမ်းဖို့ကြ လော့ပါနေတော့စမ်းမရဘူး....
ကျနော့စာကနေ တစ်ခုခုရရင်ကျေနပ်ပါတယ်နော်...






Post a Comment

Previous Post Next Post

Contact Form